Study Abroad
2024.03.22
JAPANESE LANGUAGE SCHOOL

1:ကျောင်းလျောက်ထားရန်လိုအပ်သောအရည်အချင်း
မိမိနိုင်ငံတွင်12နှစ်အထက်ပညာသင်ကြားထားသူ
နောက်ဆုံးပညာသင်နှစ်အပြီး 5နှစ်အတွင်းရှိသူ
N5 Levelအထက်ဂျပန်စာအရည်အချင်းရှိသူ
2:Corse နှင့်ပညာသင်ကာလ
| 4လပိုင်းလျောက်ထားသူ |
2နှစ်ပညာသင်course |
2နှစ် |
| 7လပိုင်းလျောက်ထားသူ |
1နှစ် 9လပညာသင်course |
1နှစ်9လ |
| 10လပိုင်းလျောက်ထားသူ |
1နှစ်ခွဲပညာသင်course |
1နှစ်6လ |
| 1လပိုင်းလျောက်ထားသူ |
1နှစ်3လပညာသင်course |
1နှစ်3လ |
လျှောက်လွှာခေါ်ယူနေစဥ်တွင်သတ်မှတ်ဦးရေပြည့်သွားပါကဖောင်ပိတ်ပါမည်။1 လပိုင်းကျောင်းသားခေါ်ယူခြင်းမရှိတာမျိုးလည်းရှိပါသည်။
3:လျောက်လွှာတင်ရမည့်နေရာ
JAPANESE LANGUAGE SCHOOL
place:တိုကျို

4:လျှောက်ထားရာတွင်လိုအပ်သောစာရွက်စာတမ်း
♦ကာယကံရှင်
လျှောက်လွှာ၊ ကိုယ်ရေးရာဇဝင်၊ပညာတော်သင်ရည်ရွယ်ချက်(ကျောင်းမှထုတ်ပေးသောလျောက်လွှာကိုအသုံးပြုရန်)
နောက်ဆုံးပညာသင်နှစ်ရဲ့အောင်လက်မှတ်(သို့)ဘွဲ့လက်မှတ် (ပညာသင်ယူနေနေဖြစ်ပါကလက်ရှိကျောင်းတက်ရောက်နေကြောင်းထောက်ခံစာ)
နောက်ဆုံးပညာသင်နှစ်ရဲ့အမှတ်စာရင်း(ပထမနှစ်မှနောက်ဆုံးနှစ်အထိ)
ဓါတ်ပုံ 5ပုံ၊(3cm ×4cm )3လအတွင်းရိုက်ထားသောပုံ
ဂျပန်စာအရည်အချင်းအောင်လက်မှတ်(JLPT、JBT、J.TEST、NAT、GNK)နှင့်အမှတ်စာရင်း
Passport Copy
♦ငွေကြေးထောက်ပံသူ
(A) ကာယကံရှင်၏မိသားစု(သို့)ဆွေမျိုးသားချင်းမှငွေကြေးထောက်ပံ့လျှင်
ငွေကြေးထောက်ပံသူအမည်နှင့်ဘဏ်ငွေလက်ကျန်စာရင်း ဂျပန်ငွေယန်း2,200,000နင့်ညီမျှသောမြန်မာကျပ်ငွေကိုပြပေးရန်
အလုပ်ထောက်ခံစာ(သို)လုပ်ငန်းလိုင်စင်
ဝင်ငွေထောက်ခံစာ(သို့)အခွန်ဆောင်ထားသောထောက်ခံစာ
ငွေကြေးထောက်ပံ့သူဖြည့်စွက်ရန်ဖောင်(ကျောင်းမှထုတ်ပေးသောလျောက်လွှာပုံစံ)
ငွေကြေးထောက်ပံသူနှင့်သွေးသားတော်စပ်ကြောင်းထောက်ခံစာ
(B) ဂျပန်နိုင်ငံတွင်နေထိုင်သူမှငွေကြေးထောက်ပံလျှင်/p>
နေထိုင်ကြောင်းထောက်ခံစာ
အလုပ်ထောက်ခံစာ(သို)လုပ်ငန်းလိုင်စင်
အခွန်ဆောင်ထားကြောင်းထောက်ခံစာ
ငွေကြေးထောက်ပံ့သူဖြည့်စွက်ရန်ဖောင်(ကျောင်းမှထုတ်ပေးသောလျောက်လွှာပုံစံ)
ဘဏ်လက်ကျန်ငွေစရင်းထောက်ခံစာ
5:ကျောင်းစာရိတ်
<ကျောင်းဝင်ချိန်တွင်ပေးဆောင်ရမည့်အခကြေးငွေ>
ကျောင်းဝင်ကြေး:60,000 ယန်း
ကျောင်းစရိတ်(၁နှစ်စာ):600,000 ယန်း
စာအုပ်စာတန်းကြေး:55,000 ယန်း
အာမခံ(၂နှစ်စာ):6,540 ယန်း
ကျောင်းလျှောက်ထားချိန်တွင်လျှောက်လွှာကြေး:20,000 ယန်း
စုစုပေါင်း:741,540 ယန်း (+Tax Fee ပေးဆောင်ရပါမည်)
※အကယ်၍ကျာင်းလျှောက်ထားချိန်တွင်Cancelလုပ်ပါလျှောက်လွှာကြေး 20.000ယန်းပေးဆောင်ရပါမည်။
6:ပြည်ဝင်ခွင့်ရချိန်တွင်ပြင်ဆင်ရန်
ဂျပန်လဝကမှCOE ရလဒ်သိရတာနဲ့ချက်ချင်းကျောင်းမှကာယကံရှင်ဆီသို့အကြောင်းကြားပေးပါမည်။ကျောင်းဝင်ချိန်တွင်ပေးဆောင်ရမည့်အခကြေးငွေကိုကျောင်းမှသတ်မှတ်ထားသောBank Accountသို့ငွေလွှဲပေးရပါမည်။
ကျောင်းမှငွေလက်ခံရရှိတာနဲချက်ချင်း COEစာရွက်နှင့်ကျောင်းဝင်ခွင့်ခွင့်ပြုလွှာကိုပေးပို့ပေးပါမည်။
COEစာရွက်နှင့်Passportစာအုပ်ကိုကိုင်ဆောင်ပြီးဂျပန်သံရုံးတွင်ဗီဇာလျှောက်ထားပါ။
ဂျပန်ကိုလာမဲ့ရက်အတည်ဖြစ်သွားလျှင်ကျောင်းကိုချက်ချင်အကြောင်းကြားပါ။
7:ကျောင်းအဆောင်
တစ်ခန်း ၂ယောက်နေရပါမည်။
ကျောင်းအဆောင်သည်ကျောင်းမှလမ်းလျှောက်သွားလို့ရသောအကွာအဝေးအတွင်း၌သာရှိပါသည်။
အဆောင်ခ ၁လ ယန်း၂၉၀၀၀-၃၈၀၀၀(ထိန်းသိမ်းစရိတ် ၅၀၀ယန်း) ရေဖိုး၊မီးဖိုးမိမိဘာသာပေးဆောင်ရမည်။
ရေခဲသေတ္တာ၊အဝတ်လျော်စက်၊အဲယားကွန်း၊မီးဖိုချောင်၊အိမ်သာ၊ရေချိုးခန်း၊Wifiပါပါသည်။
အဆောင်နေလျှင်အဆောင်ဝင်ကြေး ယန်း၂၀၀၀၀ အာမခံကြေး (အဆောင်ခ ၁လစာ) အဆောင်မှထွက်လျှင်ပြန်ပေးပါမည်။ သို့သော် ၁လ ကြိုပြောပေးရပါမည်။
၁လစာအဆောင်ခ+ထိန်းသိမ်းစရိတ် ယန်း၅၀၀
အဆောင်နေမယ်ဆိုလျှင်အနည်းဆုံး ၃ လနေပေးရပါမည်။အဆောင်များသည်ကျောင်းမှနေရာချပေးသောအခန်းမှာသာနေရပါမည်။မိမိစိတ်ကြိုက်ရွေးချယ်လို့မရပါ။